Skip to main content
x

NUAC MDY Entertainments

"မန်းဧကရီ အငြိမ့်"

NUAC Mandalay အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊မန္တလေး ရဲ့ မန်းဧကရီ အငြိမ့်ခန်းကို အများပြည်သူအား တင်ပြနိုင်ဖို့ လူငယ်မျိုးဆက်သစ်အနုပညာရှင်များက ကိုယ့်အင်ကိုယ့်အားနဲ့ စုပေါင်းပြီး အစွမ်းကုန်ကြိုးစားထားကြပါတယ်။

မြန်မာ့အနုပညာကို
ကမ္ဘာတည်အောင် မြတ်နိုးတဲ့နှလုံးသားနဲ့
ရသအစုံအလင် စုစည်းဖန်တီးထားတဲ့
"မန်းဧကရီ အငြိမ့်" အစီအစဉ်ကို
•••၁၂ရက်၊ ၁၂လ၊ ၂၀၂၀ (စနေနေ့)
•••ည ၉ နာရီ(ည ၈နာရီသတင်းအပြီး)
•••Mrtv ရုပ်သံလိုင်း
•••Mrtv Facebook Page Live Streaming တွေမှာ
ကြည့်ရှုခံစားအားပေးရင်း ဘဝအမောတွေပြေကြပါစေကြောင်းဆုမွန်ကောင်းနဲ့အတူ
NUAC မန္တလေး မျိုးဆက်သစ်အနုပညာရှင်တွေရဲ့ ကြိုးစားမှုကို အားပေးကြပါလို့
မေတ္တာရှေ့ထား ဖိတ်ကြားလိုက်ပါတယ်။

#မန်းဧကရီအငြိမ့်
#NuacMandalay
#အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)
#MORAC
#Mrtv
#MrtvFacebookPageLiveStreaming