Skip to main content
x
Photo

The EIGHT 2020 a r t e x h i b i t i o n

The Eight ပန်းချီပြပွဲရဲ့ပထမဦးဆုံး မိတ်ဆက်ပေးမယ့်သူကတော့ မမြခက်ဖြစ်ပါတယ်။

ပန်းချီဆရာမ မြခက်ဟာ ဘိုကလေးဇာတိဖြစ်ပါတယ်
ငယ်စဥ်ကတည်းက ဖခင်ပန်းချီဆရာနဲ့အတူ ပန်းချီရေးဆွဲတဲ့လုပ်ငန်းများကို ဆောင်ရွက်ရင်း ပညာသင်ယူခဲ့ရပါတယ်...
၁၉၉၆ခုနှစ်မှာ ယဥ်ကျေးမှုတက္ကသိုလ် ရန်ကုန်ကို ပန်းချီအထူးပြုဘာသာယူပြီးစတင်တက်ရောက်ခဲ့ပါတယ်....
ပန်းချီပညာတွင်သာမက စာ‌ပေဘာသာရပ်များတွင်ပါထူးချွန်ခဲ့ပြီး နှစ်စဥ်အဆင့်တစ်ဖြင့်အောင်မြင်ခဲ့သလို ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာလမှာ ဝိဇ္ဇာဘွဲ့ (ပန်းချီ)ကို ရရှိခဲ့ပါတယ်....

၂၀၀၁ခုနှစ်မှာ ယဥ်ကျေးမှုတက္ကသိုလ် မန္တလေးတွင် နည်းပြအဖြစ်စတင် တာဝန်ထမ်းဆောင်ရင်း ရာထူးအဆင့်ဆင့်တိုးတက်ခဲ့ပြီး ယခုအခါ ကထိက(ပန်းချီ)အနေနဲ့ တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်...

ဖခင်ထံမှ အမွေအဖြစ် လူပုံတူရေးဆွဲရာမှာထူးချွန်ခဲ့သလို ပန်းချီနည်းစနစ်မျိုးစုံကိုလည်း ကျွမ်းကျင်စွာ ရေးဆွဲနိုင်သူတစ်ဦးဖြစ်ပါတယ်... ပြပွဲများစွာမှာ ပါဝင်ပြသခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်...

ပန်းချီမဟာဘွဲ့ကို ၂၀၁၉မှာ ရရှိခဲ့ပြီး ယခုအခါ အမျိုးသားယဥ်မှုနှင့်အနုပညာတက္ကသိုလ် မန္တလေးတွင် ကထိကတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရသမြောက်ပန်းချီလက်ရာများစွာကို ဖန်တီးလျက်ရှိပါတယ်။

Photo1