Skip to main content
x
Photo

ဦးပိန်တံတား သမိုင်း

ဦးပိန်တံတား သမိုင်း

ခလီဖွှာ ဦးသိန်းဝင်းအောင် K.A.F.T.G ဃရာနာ

ဒီတံတားဟာ အင်မတန်လှပတဲ့ ကျွန်းသစ်နဲ့ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ ဒီတံတားကို ၁၂၁၁ ခုနှစ်မှာဆောက်လုပ်ခဲ့ပြီး ၁၂၁၃ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ဒီတံတားကို မြို့စာရေး မောင်ပိန် (ဦးပိန်)ကနေဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အချို့က သစ်နဲ့ဆောက်တဲ့ တံတားထဲမှာ ဒီတံတားရှည်ဆုံးလို့လဲပြောကြပါတယ် ကမ္ဘာမှာ သစ်နဲ့ဆောက်ထားတဲ့တံတား ဒီထက်ရှည်တာ ရှိမရှိတော့ ကျနော်လဲ မသိပါဘူး။ ကျနော်တော့ ဒီထက်ရှည်တဲ့ တံတားမရှိလောက်ဘူးလို့ထင်တယ်။ ရှေးအကျဆုံးနဲ့ သစ်နဲ့ဆောက်ထားတဲ့ တံတားသမိုင်းကြောင်းကိုပြောရမယ်ဆိုတော့ ကျနော့်စိတ်မှာ ပီတိဖြစ်မိတယ် ဒီတံတားကို မင်္ဂလာရှိတဲ့ တံတားလို့ပြောချင်တယ် မင်္ဂလာနဲ့ စခဲ့တယ်လို့လည်းပြောချင်ပါတယ်။ ဒီတံတား ဆောက်တဲ့နှစ်မှာ ကျနော့်ရဲ့ အဖိုး ခလီဖွှာဦးချိုသည်လည်း ၁၂၁၁ ခုနှစ် အမရပူရမြို့ နဂါးရုံဘုရားမြောက်ဘက်မှာ ဖွှားမြင်ခဲ့ပါတယ်။ ဒီတော့ ဦးပိန်တံတားရယ် နဂါးရုံဘုရားရယ် ကျနော့်အဖိုး ခလီဖွှာဦးချိုရယ်က တစ်နှစ်ထဲမှာ ဖွှားတဲ့အတွက် ဒီတံတားဟာ မင်္ဂလာတံတားလို့ ပြောချင်ပါတယ်။

ဒီတံတားကို တိုင်ပေါင်း ၁၀၈၆ တိုင်ပါဝင်ပြီး ပေပေါင်း ၃၉၆၇ ပေ အခန်းပေါင်း ၄၈၂ ခန်းပါဝင်ပါတယ် (တစ်မိုင်၏ ၄ ပုံ ၃ ပုံ ရှည်လျားသည်) လူတွေနားနေဖို့အတွက် တံတားရဲ့ အစအဆုံးမှာ ဇရပ်၂လုံးပါဝင်ပြီး အလယ်မှာ ဇရပ် ၂လုံး စုစုပေါင်း ဇရပ် ၄လုံးပါဝင်ပါတယ် တံတားရဲ့တိုင်တွေဟာ အောက်ကို ကျွံကျမသွားဖို့ မြေထဲမှာ လူတစ်ရပ်ကျော်ကျော်စိုက်ထားပါတယ် လက်တစ်လံခန့် တိုင်ကိုကန့်လန့် ထိုးဖောက်ပြီး ကြက်ခြေခတ်ပုံစံ သပ်သဖွယ်ပြုလုပ်ပြီး စိုက်ထားပါတယ်။

ဒါကြောင့်လည်း ၁၂၁၁ ခုနှစ်ကဆောက်ခဲ့တာ ယခုမြန်မာသက္ကရာဇ် ၁၃၈၀ ဆိုတော့ နှစ်ပေါင်း ၁၆၉ နှစ်ရှိပါပြီ ယခုတိုင်မရိန်းမယိုင်ပဲတည်ရှိနေပါတယ် ဒီတံတားကို လှိုင်းဒဏ် လေဒဏ် ခံနိုင်ဖို့ သဘောင်္ဦးချွန်ပုံစံ ကျင်တွယ်ပုံစံ ဆောက်လုပ်ထားပါတယ်။ ရှေးခေတ်က အင်ဂျင်နီယာတွေလဲ မရှိသေးပါဘူး ခုလိုခေတ်မီနည်းပညာတွေ မရှိသေးပါဘူး မြန်မာမှု မြန်မာ့ဟန်နဲ့ ဆောက်လုပ်ပါတယ်။ ဒါဟာ မြန်မာ့ဗိသုကာ မြန်မာ့အနုပညာ လို့တင်စားရင်လဲ မမှားပါဘူး။ ခုဆိုင်ရင် နှစ်ပေါင်း ၁၆၉ နှစ်ရှိခဲ့ပါပြီ။

တက္ကသိုလ်နေဝင်း ဘာသာပြန်စာအုပ်ထဲမှာ အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့ဆိုတဲ့ စာအုပ်ထဲမှာ ဒီဦးပိန်တံတားဟာ ဘေးအကာအရံ လက်ကိုင်တန်းတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ် တံတားရဲ့ ဘေးလက်ကိုင်တန်းတွေမှာ မြန်မာမှု မြန်မာ့လက်ရာတွေနဲ့ လက်ကိုင်တန်းတွေကို လှလှပပ တပ်ဆင်ထားတယ်လို့ အဆိုရှိခဲ့ပါတယ်

သုံးပန်လှ တောင်သမန်
နွေရာသီဆိုရင် ထည်စီးဖတ်တွေနဲ့တမျိုး ဆောင်းတွင်းမှာ စိုက်ခင်းတွေနဲ့ စိမ်းစိမ်း စိုစိုတွေနဲ့တမျိုး မိုးရာသီဆိုရင် ရေတွေအပြည့် မိုးရာသီရောက်တာနဲ့ တောင်သမန်လှိုင်းဆိုတာ အင်မတန်ကြောက်စရာကောင်းပါတယ် ဝါဆို ဝါခေါင်ဆိုရင် တောင်သမန်လှိုင်းကြောင့် လှေတွေမှောက်တတ်တဲ့အတွက် တောင်သမန်လှိုင်းက တော်တော်ကြီးပါတယ်။

တံတားဆောက်ရခြင်း ဦးပိန်ရဲ့ ရည်ရွယ်ချက်
နိုင်ငံခြား သံအဖွဲ့တွေလာတဲ့အခါ နန်းတော်ရှိရာကို လာတဲ့အတွက် ရေကြီးတဲ့အခါ သူတို့သဘောင်္ကြီးတွေဟာ နန်းတော်အပေါ်စီးက ဖြစ်နေတာကို တွေ့ရပါတယ် ဒါကို ဦးပိန်က မိမိအရှင် (ရှင်ဘုရင်) အပေါ်ကလူမျိုးခြားရှိနေတာကို မလိုလားတဲ့အတွက် နိုင်ငံခြားသဘောင်္တွေ နန်းတော်အနားကို မလာနိုင်စေရန်အတွက် တံတားနဲ့ ပိတ်ကာလိုက်တာကလည်း ရည်ရွယ်ချက် တစ်ခုဖြစ်ပါတယ်။

ဒီတံတားမှာ ရှင်ဘုရင်ရဲ့ လှေတော် ဖောင်တော်များ လွယ်ကူစွာ ဖြတ်သွားနိုင်ရန်အတွက် ဖောင်ကြောင်း ၉ ခုကိုလည်း ထည့်သွင်းဆောက်လုပ်ထားပါတယ်။ တံတားကို အရှင်ထားတာပါ လှေတွေ ဖောင်တွေဖြတ်သန်း သွားမယ်ဆို ဒါကို မ ပြီးသွားလို့ရပါတယ်။ စစ်သဘောင်္ကြီးတွေ ဝင်လာလို့မရအောင် ရည်ရွယ်ချက်တစ်ခု။

တောင်သမန်က ပြည်သူများ နေပြည်တော်ကို လွယ်ကူစွာလာရောက်နိုင်ရန် ဘုရားဖူးနိုင်ရန် ကောင်းမှုပြုနိုင်ရန် ကုန်ကူးသန်းရောင်းဝယ်နိုင်ရန် အလှူဒါနများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပါတယ်။

တံတားဆောက်ရတဲ့ ရည်ရွယ်ချက်က မိမိရဲ့အရှင်သခင်နဲ့ တိုင်းသူပြည်သားများ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။ မွတ်စလင်မ်တွေ အာဏာသိမ်းဖို့ဆိုတာ လုံးဝမဟုတ်ခဲ့ပါဘူး။ သမိုင်းကိုဖျောက်ဖျက်ခြင်သူများက သမိုင်းကိုလိမ်ရေးနေခြင်းသာဖြစ်ပါတယ်။

တချို့က မွတ်စလင်မ်ကို မကောင်းမြင်ဝါဒနဲ့ ဒီကုလားတွေ ဗုံးအိုးရွာကနေ နေပြည်တော်ကို လွယ်ကူစွာ အာဏာသိမ်းဖို့ ဒီတံတားကို ဆောက်တာလို့ မနာလို မရှုစိတ်နဲ့ သမိုင်းနာအောင်ရေးကြတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုသမိုင်းနာအောင် ရေးကြတဲ့သူတွေဟာ ပထဝီ မြေအနေအထားကို မသိပဲရေးကြတယ်။ ဒေသန္တရ ဗဟုသုတ လည်းမရှိပဲ ရေးကြတယ်။
တကယ်တော့ ဗုံးအိုးရွာနဲ့ ဦးပိန်တံတားနဲ့ ဘာမှမဆိုင်ပါဘူး။ ဗုံးအိုးရွာကနေ မန္တလေးနန်းတော်ကို မြေလမ်းခရီးကနေ ကြိုက်တဲ့အချိန် သွားလို့ရပါတယ်။ တောင်သမန်ရွာသား အများစုဟာ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးများရဲ့ သမိုင်း ဗိသုကာကို ယနေ့ကျနော်တို့လူငယ်တွေ တန်ဖိုးထားစေချင်ပါတယ်။

တချို့က ဘိုင်ဆပ်နဲ့ ဦးပိန်ကို လူဆိုးကြီး ဗီလိန်ကြီးတွေဖြစ်အောင် ပြောကြတယ် သူတို့ဆိုးခဲ့တာလည်း ရှိချင်ရှိမှာပေါ့ဗျာ။ ဒါပေမယ့် ဘိုင်ဆပ်နဲ့ ဦးပိန်ဟာ မိမိအရှင်သခင်အပေါ် သစ္စာစောင့်သိခဲ့ပါတယ်။

နန်းတော်တိုင် မပါသော ဦးပိန်တံတား။
တချို့က နန်းတော်အဟောင်းတွေနဲ့ ဆောက်တယ်လို့ပြောကြတယ်။ နန်းတော်တိုင်နဲ့ ဆောက်တာမဟုတ်တဲ့အကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄ မှာ ဦးပိန်သည် အများပြည်သူများကို လွယ်ကူစေရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။ သမိုင်းပညာရှင်တွေ ဆောင်းပါးပညာရှင်တွေကလည်း အများအကျိုးအတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားကြပါတယ်။
နန်းတော်တိုင်မပါကြောင်း သက်သေက နန်းတော်မှာ တိုင်ဘယ်နှစ်တိုင်ရှိသလဲ မန္တလေးနန်းတော်ထဲ သွားရောက်ရေတွက်ကြည့်လို့ရပါတယ်။ အဆောင်တွေအားလုံးရေတွက်ကြည့်လိုက်ရင် တိုင်အလုံးရေ နှစ်ရာမပြည့်ပါဘူး။

ဦးပိန်တံတားမှာ တိုင်းပေါင်းတစ်ထောင်ကျော်ရှိပါတယ်။ တိုင်အကြီးအသေးလဲ ကွာပါတယ် နန်းတော်တိုင်များဟာ လူကြီးတဖက်စာ သာသာရှိပါတယ်။ တံတားရဲ့တိုင်က တောင်ဆုပ်အရွယ်သာရှိပါတယ်။ တိုင်အမျိုးအစားရလည်း ကွာပါတယ်၊ အရေအတွက်အရလည်း ကွာပါတယ်။

မြန်မာ့ဓလေ့ ထုံးစံအရ
Credit Islam In Myanmar

Photo1